International News

အီးယူအနေဖြင့် အာဆီယံနှင့် FTA သဘောတူညီချက်ရရှိရန်ကြည့်ရှုလျှက်ရှိ

Last Updated:

ဉရောပသမဂ္ဂအနေဖြင့် ဒေသတွင်း လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(FTAs) များကို ထိုင်းနိုင်ငံနှင့်သာမကပဲ နောက်ဆုံးတွင် အာဆီယံတစ်ခုလုံးနှင့်ပါ ဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိကြောင်း အီးယူ-အာဆီယံစီးပွားရေးကောင်စီဉက္ကဌ Doanld Kanak ကပြောကြားခဲ့ပါသည်။ ထိုင်းနှင့်အီးယူတို့အနေဖြင့် ဖြစ်နိုင်ချေ ရှိသောလမ်းကြောင်းရှာဖွေရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသော်လည်း နှစ်ဖက်စလုံးမှ တရားဝင်စေ့စပ်ဆွေးနွေးညိှနှိုင်းမှုများတွင် ပါဝင်ရန် ဆန္ဒရှိ/မရှိနှင့် ပတ်သက် ၍ ကြေငြာထားခြင်းမရှိသေးပါ။

မိမိတို့နားလည်ထားသည်မှာ ယခုကိစ္စတွင် နှစ်ဖက်ပါဝင်ပတ်သက်နေသူများ၏ ဆွေးနွေးမှုများမှနေ၍ နှစ်ဖက်စလုံးအနေဖြင့်တူညီသော ရည်မှန်းချက်ရှိ/မရှိ ရှာဖွေ တွေ့ရှိရန် ကြိုးစားလျှက်ရှိနေကြကြောင်း၊ FTA၏ရှုပ်ထွေးခြင်းနှင့် ၎င်းတို့အပေါ်အလုပ်လုပ်ရန်လိုအပ်မည့် အချိန်ကာလတို့အရ သင့်အနေဖြင့် ဤနားလည်မှုမပါဘဲ အဆိုပါလုပ်ငန်းစဉ်များ ကို စတင်ချင်မည် မဟုတ်ကြောင်း Mr. Kanak ကပြောကြားခဲ့ပါသည်။

အီးယူအနေဖြင့် စင်္ကာပူ၊ ဗီယက်နမ်တို့နှင့် FTA များသဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ကြောင်း၊ အင်ဒိုနီးရှားနှင့်လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးညိှနှိုင်းလျှက်ရှိ ကြောင်း၊ ထိုင်းနိုင်ငံနှင့် ၂၀၁၄ ခုနှစ်အာဏာမသိမ်းမီက FTA ဆိုင်ရာဆွေးနွေးညိှနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် စစ်အစိုးရလက်ထက်တွင် တွေ့ဆုံဆွေးနွေး မှုများ အဆက်ပြတ်ခဲ့ရကြောင်း၊ အကြောင်းမှာ ထိုင်းနိုင်ငံအနေဖြင့် နည်းပညာပိုင်းအရ ဒီမိုကရက်တစ်စည်းမျဉ်းစည်းကမ်းများနှင့် အုပ်ချုပ်မှုဘက်ဆီသို့ပြန် ရောက် သွားပြီဖြစ်သောကြောင့် အီးယူအနေဖြင့်ဆွေးနွေးညိှနှိုင်းမှုများ ပြန်လည်လမ်းစဖွင့်လှစ်ပေးရန်ဖြစ်ကြောင်း၊ သို့ရာတွင်နှစ်ဘက်လုံးအနေဖြင့် တရားဝင်ပြန်လည် စတင်နိုင်ခြင်း မရှိကြသေးပါ။

မကြာခင်မှာပင်ဆွေးနွေးပွဲများပြန်လည်စတင်နိုင်လျှင်သော်မှ နောက်ဆုံးFTA အား ညိှနှိုင်းဆွေးနွေးရန် နှစ်ပေါင်းများစွာကြာမြင့်မည်ဖြစ်ပါသည်။ အီးယူ-စင်္ကာပူ သဘောတူညီချက်သည် (၉)နှစ်ကြာမြင့်ခဲ့ပြီး ဗီယက်နမ်နှင့်(၇)နှစ်ကြာမြင့်ခဲ့ပါသည်။

အီးယူနှင့်အာဆီယံအဖွဲ့ဝင်ဒေသတွင်းနိုင်ငံများအကြားFTAနှင့်အခြားဒေသတွင်း စီးပွားရေးနှင့်ဘက်စုံပူးပေါင်းဆောင်ရွက်ရေး (RCEP) ကဏ္ဍတို့ကဲ့သို့သော FTA များကို မိမိတို့ အသင်းဝင် နိုင်ငံများမှ အလွန်အားကောင်းစွာဖြင့်ထောက်ခံခဲ့ကြပါကြောင်း၊ ယေဘူယျ အားဖြင့် FTA များ သည်စီးပွားရေးလုပ်ငန်းများကို ကြိုတင် ခန့်မှန်းနိုင်မှု (Predictable)၊ ပွင့်လင်းမှု (Open)၊ တရားမျှတမှု (Fair) နှင့်စည်းမျဉ်းအခြေပြု (Rule-based situration) အခြေအနေတို့က စီးပွားရေးလုပ်ငန်းများကို စီမံကိန်းများရေးဆွဲရန်ဖြစ်ပေါ်ဖန်တီးစေပြီး ၎င်းစီမံကိန်းများက ရင်းနှီးမြှုပ်နှံမှုများ ကို ဖြစ်ပေါ်စေပါသည်။

ထိုင်း(၄.၀)နှင့် အရှေ့ပိုင်းစီးပွားရေးစင်္ကြန်ကဲ့သို့သော အစိုးရ၏ အစပျိုးဆောင်ရွက်မှုများ ကဉရောပကုမ္ပဏီများ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို အပေါင်းလက္ခဏာဖြင့် ဆွဲဆောင်စေသည်ဟု ၎င်းကပြောကြားပါသည်။ ၎င်းကဆက်လက်၍ FTA လက်မှတ်ရေးထိုးခြင်း ဖြင့်ရင်းနှီးမြှုပ်နှံမှုများကို သိသာထင်ရှားစွာ ဆွဲဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

အီးယူ-အာဆီယံစီးပွားကောင်စီအနေဖြင့် BMW၊  Bayer၊ HSBC၊ နှှင့် အခြား နိုင်ငံစုံ ကော်ပိုးရေးရှင်းကြီး(၄၁)ခုတို့ကို ကိုယ်စားပြု၍ အာဆီယံရှိ ဉရောပ စီးပွားရေး အကျိုး စီးပွားအတွက် တရားဝင် ကုန်သွယ်ရေး ပူးပေါင်း အသင်းချုပ် အဖြစ်ဆောင်ရွက်ပါသည်။ ဤအဖွဲ့ အနေဖြင့် FTAs ကို ပြင်းပြင်းထန်ထန်ထောက်ခံပြီး ဉရောပနှင့် ထိုင်းနိုင်ငံအကြား ဆွေးနွေးမှု များတွင် ဉရောပစေ့စပ်ဆွေးနွေးသူများကို အကြံပြုဖွယ်ရှိပါသည်။

ယခုအပတ်အတွင်း ကောင်စီအနေဖြင့် ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာနှင့် ယခုနှစ် တွင် ကျင်းပမည့်မစ်ရှင်အဖွဲ့(၅)ခုအနက် တစ်ခုဖြစ်သော ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သောစီးပွားရေးဆိုင်ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို တွေ့ဆုံခဲ့ပါသည်။ အခြားအစီအစဉ်အနေဖြင့်အင်ဒိုနီးရှား၊ ဖိလစ် ပိုင်၊ မြန်မာနှင့် မလေးရှားနိုင်ငံများနှင့်လည်း စီစဉ်ထားပါသည်။

Mr. Kanak ကပြောကြားရာတွင် အီးယူ-အာဆီယံFTA နှင့်ပတ်သက်၍ စိတ်ဝင်စားမှုလက္ခဏာများ ပြသော်လည်း အာဆီယံနှင့်ဆွေးနွေးပွဲများမပြုလုပ်မီ နှစ်နိုင်ငံ  FTA လက်မှတ် ရေးထိုးရန်ပို၍လိုအပ်လိမ့်မည်ဟုပြောကြားခဲ့ပါသည်။၎င်းကအာဆီယံ၏လွတ်လပ်စွာကုန်သွယ်ရေးအတွက် ကတိကဝတ်များနှင့် ပတ်သက်၍လည်း စိုးရိမ်ကြောင်း၊ ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။ အကြောင်းမှာ အဖွဲ့အနေဖြင့် ဒေသတွင်းကုန်သွယ်မှုဆိုင်ရာ ရည်မှန်းချက်များကို ပြည့်မီနိုင်ခြင်း မရှိခြင်းကြောင့်နှင့် အခွန်ဆိုင်ရာများမှာ ဒေသတွင်း နိုင်ငံများအကြား လျှော့ပါးကျဆင်း သွားရမည့်အစား အမှန်တစ်ကယ်တွင် မြင့်တက်နေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News